ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်မှ ၂၂ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ ပိုးလုံးအိမ်၊ ဆန်ကွဲ၊ တစ်သျှူးငှက်ပျော၊ ဆန်၊ ကြံ၊ သီဟိုဠ်စေ့၊ ရော်ဘာ၊ ငရုတ်သီး(အခြောက်)၊ ဖရဲသီးနှင့် မြေထောက်ပဲ များတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၂၉၀၈၆၆၃ ဒဿမ ၃၆ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏမှာ ၄၈၁၇၅၆၀ ဒဿမ ၀၂ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၇၇၇၉၁၉၈ ဒဿမ ၃၈ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ ဆေးဝါးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ဓါတ်မြေဩဇာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ အပ်ချည်ကြိုးများ၊ စက်ဘီးနှင့် Empty Cargo Container 45' feet များ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၇၃၅၁၇ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၅၁၆၄၉၈ ဒဿမ ၉၅ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၆၉၀၀၁၅ ဒဿမ ၉၅ တင်သွင်းမှုရှိခဲ့ပါသည်။
မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၅၃ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၃ ဒဿမ ၂၈ ကျပ်ရှိကြောင်းသိရှိရပါသည်။
မနောမြေကုန်သွယ်မှုဗဟိုဌာန